windows တင်ဖို့အတွက် ဘာတွေလိုတယ်ဆိုတာတော့ အသေးစိတ်မပြောတော့ပါဘူး။
အားလုံးသိပြီးသား ဖြစ်မှာပါ..။windows 8 DVD တချက် ဒါမှမဟုတ် windows8
သွင်းထားတဲ့ USB တခုခု ရှိရင် ရပါပြီ..။ ကွန်ပျူတာကို CDROM ထဲကို windows
8 DVD ထည့်ပြီး Restart ချလိုက်ပါ..။(usb နဲ့ဆိုရင်လည်း အတူတူပါပဲ)
ပြီရင် Boot ရွေးဖို့အတွက် ကီးတခုကို နှိပ်ထားပါ..။ကွန်ပျူတာ အမျိုးအစားအလိုက် ကီးကကွဲပြားပါတယ်..။hp မှာဆိုရင်တော့ F9 ၊ Acer မှာတော့ F12 ၊အခြားအမျိုးအစားလိုက် ကွဲပြားပါတယ်..။ အောက်မှာ ဓါတ်ပုံတွေနဲ့ အသေးစိတ် တင်ပြထားပါတယ်..။