နောက်ဆုံးတင်ခဲ့သော Post များ

tv

Showing posts with label ကွန်ဗျူတာ နည်းပညာများ. Show all posts
Showing posts with label ကွန်ဗျူတာ နည်းပညာများ. Show all posts

Friday, December 20, 2013

လူတိုင်း ကွန်ပြူတာ သုံးတာ ကြာလာရင် မျက်လုံးအောင့်လာတာ မျက်ရည်ကျလာတာတွေ ဖြစ်လာရင် ဒီဆော့ဝဲလ် လေး သုံးစမ်းကြည့်ပါ။


ကွန်ပြူတာသုံးတာ ကြာလာရင် မျက်လုံးက အောင့်လာတာ မျက်ရေကျလာတာ ဖြစ်တတ်ကြပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဖြစ်ပါတယ်။ အခု f.lux လေးကိုသုံးစမ်းကြည့်လိုက်ပါ။ နေအလင်းရောင် နှင့် လိုက်ဖက်တဲ့ အရောင် ကို f.lux က သူ့အလိုလို ပြောင်းပေးမှာဖြစ်ပါတယ်။ တကယ် ကို ကောင်း တဲ့ ဆော့ဝဲလ်လေးပါ။ 
ဥပမာ ညနေပိုင်းဆိုရင် နီဝါရောင်လေး, မနက်ပိုင်းဆိုရင် စိမ်းဝါ ရောင်လိုလို သူ့အလို လိုပြောင်းပေး ပါတယ်။ ကျနော် ဒီဆော့ဝဲလေးသုံးပြီးကတည်းက မျက်လုံး က အောင့် တာ မျက်ရည်ကျတာတွေ သက်သာသွားပါတယ်။ ၂၄ နာရီ နေရောင် အလိုက် မျက်လုံးမထိခိုက်အောင် ကွန်ပြူတာ မျက်နှာပြင် အလင်းရောင်တွေ အလိုလို ပြောင်းပေးတာဖြစ်ပါတယ်။
ကွန်ပြူတာသုံးသူတိုင်း ဆောင်ထားသင့်ပါတယ်။ အဓိက အသုံးဝင်မှုကတော့ မျက်လုံးမထိခိုက်အောင် ကာကွယ်ပေးတဲ့ ဆော့ဝဲလ်ပါ။ ကျနော်လည်း အရမ်းကြိုက် လို့ ပြန်လည်မျှဝေပေးလိုက်တာပါ။ စမ်းသုံးချင် တယ် စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်မှာ ၀င်ဒေါင်းယူလိုက်ပါ။ ဖိုင်ဆိုဒ်ကလည်း သေးသေးလေးပါ။

အားလုံးအဆင်ပြေပါစေ.......။

Thursday, December 12, 2013

Computer C ခန်း D ခန်းတွေ ဖျောက်မယ် ၀ှက်မယ် မသိအောင် မဖွင့်နိုင်အောင် လုပ်ထားမယ်

ကဲ ဒီနေ့တော့ ကွန်ပျူတာ C အခန်း တစ်ခုလုံး ဖွက်နည်းလေး ပြောချင်ပါတယ်။ မသိတဲ့သူတွေဆို ကြောင်ပြီး
နေသွားမယ့် ပညာလေးတစ်ခုပေါ့ဗျာ။ အခြားသော ပတ်လမ်းနည်းနဲ့ သွားမှသာလျှင် အသုံးပြုနိုင်မှာပါ။ မသိရင်
မိမိလုပ်ထားတာ မေ့သွားရင်တော့ ဒုက္ခဘဲ။ မမေ့အောင်တော့ စာသားလေး ကူးထားပေါ့။ ကဲ စိတ်ဝင်စားလား
စိတ်ဝင်စားရင် စမယ်ဗျာ။ Run....gpedit.msc>>User Configuration>> Administrative TEmplates>> All Settings အထိ သွားလိုက်ပါ။ Hide these specified drives in My Computer ဆိုတဲ့ စာသားလေး လိုက်
ရှာပါ။ H ရဲ့ အတန်းအထိသွားပြီး ရှာပါ။ ရှာလို့တွေ့ရင် Hide these specified drives in My Computer ကို နှစ်
ချက် ကလစ်ပေးလိုက်ပါ။ ပေါ်လာတဲ့ ဘောက်လေးမှာ Enabled ကို ပြောင်းပြီး Restrict all drives မှာ Restrict C drive Only ကို ရွေးပေးပါ။ ပြီးရင်တော့ OK ကိုနှိပ်ပါ။ ကဲ ဒါဆိုရင်တော့ မိမိရဲ့ My Computer လေး
ကို နှစ်ချက် ကလစ်ပြီး ကြည့်လိုက်ပါ။ C အခန်း တစ်ခုလုံး ပျောက်နေတာကို တွေ့ရပါလိမ့်မယ်။ C အခန်းမှသာ
မဟုတ်

Sunday, November 24, 2013

Windows Version ကို destop မှာပေါ်အောင်လုပ်နည်း


 
Window နဲ့ပတ်သက်တဲ့ Tutorial မရေးတာကြာပြီဖြစ်လို့ သူငယ်ချင်းတို့အတွက်ဗဟုသုတရရှိစေဖို့
ဒီပို့စ်လေးကိုရေးလိုက်ပါတယ်၊ကိုယ်သုံးနေတဲ့ Window version ကို destop ရဲ့ ညာဘက်ထောင့်ဆုံးမှာပေါ်အောင် Registry သုံးပြီးလုပ်နည်းလေးပါ၊ဒီနည်းလမ်းလေးကတော့ Window 8 မှာပါအလုပ်လုပ်ပါတယ်၊ကဲ စမ်းကြည့်လိုက်ပါဦးနော်။

Monday, November 11, 2013

သူများစက်ကိုဝင်ကြည့်လို့ ရတဲ့ နည်းလေးပါ


အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ ရေးတဲ့ post လေးကတော့ Window 7 မှာပါတဲ့ Tools လေးတစ်ခု အသုံးပြူနည်းလေးကိုတင်ပြလိုက်ပါတယ်ပါတယ်။ မိမိစက်ကနေ အွန်လိုင်းမှတစ်ဆင့် တစ်ခြားတစ်ယောက်ရဲ့ စက်ကို ၀င်ရောက်ကြည့်လို့ ရမယ်လိုအပ်တာလေးတွေ လုပ်ပေးလို့ရတဲ့ Tools လေးတစ်ခုပါ အောက်မှာလုပ်ပုံ လုပ်နည်းလေးကိုပုံနဲ့ ရှင်းပြပေးထားပါတယ်လုပ်နည်း လေးကတော့အရမ်းလွယ်ကူပါတယ်

Tuesday, November 5, 2013

ကွန်ပျူတာကို ကိုယ်ပိတ်ချင်တဲ့အချိန်ပိတ်မယ်




ကွန်ပျူတာကိုဆော့ဖ်ဝဲမသုံးပဲ ပိတ်ချင်ပါတယ်လို့မေးထားတဲ့အကိုအတွက်
ကျွန်တော်ဒီနည်းလေးကိုတင်ပေးလိုက်ပါတယ်ခင်ဗျာ. ဆော့ဖ်ဝဲမသုံးပဲ
ကွန်ပျူတာကိုပိတ်ဖို့အတွက်ကျွန်တော်ကြိုးစားပီးကလိနေတုန်းပါ.. အခုထိ
တော့မတွေ့သေးဘူးဖြစ်နေပါတယ်ခင်ဗျာ.. ကျွန်တော်ပဲညံ့တာပဲနေမှာပါနော်.
တွေ့တဲ့အချိန်ကျွန်တော်တင်ပေးပါ့မယ်ဗျာ. အခုတော့အရိုးရှင်းဆုံးနဲ့အလွယ်
ကူဆုံးနည်းလေးကိုကျွန်တော်တင်ပေးလိုက်ပါတယ်ဗျာ.. အသုံးပြုတဲ့ဆော့ဖ်ဝဲ
ကလဲမရှားပါဘူး.ပီးတော့လွယ်လွယ်ကူကူအသုံးပြုလို့ရတဲ့ဆော့ဖ်ဝဲလေးဖြစ်တဲ့
Jet Audio ဆော့ဖ်ဝဲလေးနဲ့ပြောပြပေးသွားမယ်နော်..ပုံလေးတွေနဲ့အတူဖော်ပြ
ပေးသွားပါမယ်နော်..  အရင်ဆုံး Jet Audio ကို အောက်မှာပေးထားတဲ့ Link နှစ်ခု
ထဲကထုံးစံအတိုင်းကြိုက်တဲ့ Link ကနေဒေါင်းယူလိုက်ပါဗျာ. ဒေါင်းပီးပီဆိုရင်တော့
စလိုက်ကြရအောင်ဗျာ.
၁။    Jet Audio ကိုဖွင့်လိုက်ပါ.. Jet Audio ဆော့ဖ်ဝဲလေးတက်လာပါလိမ့်မယ် ..
အဲဒီထဲမှာမှ ဆော့ဖ်ဝဲရဲ့ ညာဘက် Sidebar ထဲမှာရှိတဲ့ TIMER နဲ့ ALARM ဆိုတဲ့ဟာကို
တွေ့မှာပါနော်.. အဲဒီအထဲက TIMER ကို Click လိုက်ပါ.. ပုံ (၁)အတိုင်းပါ..
ပုံ(၁)

၂။    TIMER ကို Click ပီးရင် အဲဒီရဲ့အောက်နားမှာရှိတဲ့ အချိန်ကိုပြထားတဲ့ ဂဏန်း
လေးတွေရဲ့ဘေးနားက Downarrow နဲ့ Uparrow လေးတွေနဲ့နေရာမှာကိုယ်လိုချင်တဲ့
နာရီအချိန်ကိုလိုသလိုပြင်လိုက်ပါ.. ပုံ (၂)အတိုင်းပါ။
ပုံ(၂)
 
၃။    ပီးရင်အဲဒီရဲ့အောက်နားလေးမှာရှိတဲ့ Action ဆိုတဲ့ Button လေးကိုတွေ့မှာပါနော်..
အဲဒီ Action လေးကိုကလစ်လိုက်ပါ.. အဲဒီအခါ Timer ဆိုတဲ့ Box လေးတစ်ခုကျလာပါလိမ့်မယ်..
ပုံ (၃) အတိုင်းပါ.. 
ပုံ(၃)
 
၎။    အဲဒီ Timer ဆိုတဲ့ Box လေးထဲမှာကြည့်လိုက်ပါ. အဲဒီမှာ Window တစ်ခုလုံးကို
ပိတ်မလား၊ Jet Audio ကိုပဲပိတ်မလားစုံလို့ပါပဲဗျာ. အဲဒီအထဲမှာကိုယ်ကြိုက်တဲ့ Setting တွေကို
ချိန်ပီးကလိကြည့်လိုက်ပါနော်..  အဲဒါဆို OK ပီလို့ထင်ပါတယ်.. ဆက်မပြောတော့ဘူးနော်.. 
အဆင်မပြေရင် Comment လေးထဲမှာစာလေးရေးပီးချန်ခဲ့နိုင်ပါတယ်..
Jet Audio Player ကိုအောက်မှာကြိုက်တဲ့နေရာကဒေါင်းယူနိုင်ပါတယ်ခင်ဗျာ..
ဆော့ဖ်ဝဲမသုံးပဲနည်းကိုလဲကျွန်တော် ကလိပီး တင်ပေးလိုက်ပါမယ်နော်.. ကျေးဇူးပါဗျာ...



DOWNLOAD


Monday, October 21, 2013

Desktop ပေါ်က Icon လေးတွေရှေ့က မြှားလေးတွေကိုဖြောက်ရအောင်။


Desktop ပေါ်က Icon လေးတွေရှေ့မှာ မြှားလေးတွေပေါ်နေတော့ မလှဘူးဖြစ်နေတယ်။
မြှားလေးတွေကို အောက်ကအတိုင်းဖြောက်လိုက်ရအောင်။
၁။ winkey နဲ့ R ကိုတွဲနှိပ်လိုက်ပါ။run box ပေါ်လာရင် အထဲမှာ regedit လို့ရိုက်ပြီး ok>>yes
   ပေးလိုက်ပါ။

Computer Partition ကိုခွဲနည်းလေပါ။


 
ကျွန်တော်အခု Computer Partition ခွဲတဲ့နည်းကိုရေးခြင်ပါတယ် Partition လုပ်တယ်ဆို
တာကအိမ်တစ်အိမ်ထဲမှာ အခန်းပေါင်းများစွာလုပ်ထားသလိုပါဘဲ ဒီ Partition လုပ်တတ်
ပြီးရင်တော့ Computer ထဲမှာဘယ် ဥပမာ Windows 7 သုံးထားရင်နောက်ထပ် Windows 8
နှစ်မျိုးစလုံးသုံးလိုရတဲ့ နည်းလေးသင်ပေးခြင်ပါတယ် Windows 8,7 မကလို့ Ubuntu တို
တောင်သုံးလိုရပါတယ် ကဲအရင်ဆုံး Partition ခွဲတဲ့နည်းကိုဘဲလုပ်ရအောင် အရင်ဆုံး 

Run..ဘောက် အသုံးဝင်ပုံနှင့် ကွန်ပျူတစ်လုံး ၀ယ်ယူလျှင် ကြည့်ရမည့် အချက်အလက်များ


ကဲ ကိုဖြူရေ ဒီနေရာလေးမှာဘဲ ထည့်ရေးလိုက်တယ်နော် Run..ဘောက်ကနေပြီး ရှင်းလင်းစရာနည်း သုံးနည်း
ရှိပါတယ်.။ အမှိုက်ရှင်းတယ်ပေါ့ သို့မဟုတ် ကိုယ်က ကွန်ပျူတာမှာ ဘာတွေဖွင့်ကြည့်ခဲ့တယ်ဆိုတာတွေကို မှတ်
တမ်းတင်ထားတာတွေကို လိုက်ဖျက်တာပါ.။ (၁) recent ကိုနှိပ်ပြီး Enter ခေါက်ပါ.။ တွေ့သမျှကို Ctrl+A နဲ့ ဆ
လက်မှတ်ပြီးတော့ Shitt+Delete နှိပ် Enter ခေါက်ခြင်း နံပါတ် (၂) temp>>Ctrl+A>>Shitt+Delete>>En
ter ခေါက်ပါ.။ နံပါတ်သုံး (၃) prefetch>> Ctrl+A>>Shitt+Delete>>Enter ဒီသုံးမျိုးနဲ့ ရှင်းလင်းနိုင်ပါတယ်
ဖိုင်တွေကို ဖွင့်မကြည့်ဖို့ အရေးကြီးပါတယ် ဖွင့်ကြည့်ပြီး ဖျက်ရင်တော့ ဖွင့်ကြည့်မိတဲ့ဖိုင်တွေ ပျက်မှာပါနော်.။ ကဲ
မေးထားတာက recent ခေါ်လို့မရတာဆိုတော့ Error Repair ပြင်တဲ့ဆော့ဝဲလေး ထည့်သွင်းပြီး ပြုပြင်လိုက်ပါ
လင့်လေးပါ တစ်ပါတည်း လမ်းညွန်လိုက်မယ်.။ AcebyteUtilitiesfree ဆိုတဲ့ကောင်လေးကလည်း အတော်
လေးကောင်းပါတယ် မိမိကြိုက်တာနဲ့ ပြင်ပေါ့.။ ကဲသူ့လင့်ကတော့ Registry Cleaner ပြုပြင်ခြင်း ဆိုတဲ့နေရာကို
နှိပ်ပြီးလည်း သွားနိုင်ပါတယ်.။ သို့မဟုတ်  AcebyteUtilitiesfree ကိုယူသုံးပါ။ ကွန်ပျူတာ တစ်လုံးဝယ်မယ်ဆို
ရင်တော့...
Read Full Post
http://3.bp.blogspot.com/-uKTLYtfbUyc/VFy8yjPo9LI/AAAAAAAAAiw/dKBrA4wOPQE/s1600/cooltext666275999.gif