
နောက်ဆုံးတင်ခဲ့သော Post များ
tv
Showing posts with label အနုပညာများ. Show all posts
Showing posts with label အနုပညာများ. Show all posts
Monday, October 28, 2013
Wednesday, October 23, 2013
သရုပ်ဆောင် မိုးယုစံ သီလရှင်ဝတ်
Sunday, October 20, 2013
သားနဲ့သမီးကို ဗုဒ္ဓဘာ သာပဲဖြစ်စေချင်တယ် ဆိုတဲ့ အကယ်ဒမီ မေဝင်းမောင်
အကယ်ဒမီမေဝင်းမောင်က ခင်ပွန်းဖြစ်သူ ကိုသက်ဝင်းနဲ့ ၁၉၉၃ ခုနှစ်မှာ အိမ်ထောင်ပြုဖြစ်ခဲ့ပြီး အခု ဆိုရင်တော့ သားတစ်ယောက်၊ သမီး တစ်ယောက်နဲ့ သာယာပျော် ရွှင်တဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်နိုင် ခဲ့ပါတယ်။ အမေရိကမှာ နေထိုင် နေချိန်အတွင်း အခုအချိန်ထိ ကလေး ထိန်းမခေါ်ဘဲ သားနဲ့သမီးကို အနီး ကပ်ကိုယ်တိုင်ပြု စုစောင့် ရှောက်နေ ကြောင်း သိရပါတယ်။
“သမီးလေး မေသန္ဒီက ၈နှစ် ပြည့်ခါနီးပါပြီ။ သားလေး သိင်္ဂါ မောင်ကတော့ အခု ၅နှစ်ပဲပြည်သေး တယ်။ သမီးလေးက ဒီတစ်ခါကျောင်း ဖွင့်ရင် ၃တန်း၊သားလေးက သူငယ် တန်းတက်ရပါမယ်။ကျွန်မတို့ အခု အချိန်ထိ ကလေးထိန်းမထားပါဘူး။ ကလေးထိန်းတွေခေါ်လို့ရတယ်။ စိတ် ထဲမှာ စိတ်မချဖြစ်ပြီး ကိုယ်တိုင်ပဲ ထိန်းချင်တယ်။ ကျွန်မကိုယ်တိုင်ပဲ ကလေးတွေကို အချိန်ပြည့် ကြည့်ပါ တယ်။ ရုပ်ရှင်ရုံမှာ ရုပ်ရှင်သွားမကြည့် ဖြစ်တာတောင်ကြာပြီ။ သွားကြည့်ရင် လည်း ကလေးတွေကြည့်တဲ့ ရုပ်ရှင်
ဇာတ်ကားပဲ သူတို့နဲ့ ကြည့်ဖြစ်တယ်။ ကိုယ့် ဘာသာကိုယ် သတ်သတ်ရုပ်ရှင် မကြည့်ဖြစ်တာကြာပြီ။
ဒါရိုက်တာမီးပွား ရိုက်ကူးသည့် ကာလာစုံLesson ရုပ်ရှင်ဇာတ်ကား ရိုက်ကူးခြင်းကို ရုပ်ရှင်အစည်းအရုံးမှ ရိုက်ကူးခွင့် ပိတ်ပင်တားမြစ်
ကာလာစုံ Lesson ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခုကာလာစုံ Lesson ရုပ်ရှင်ဇာတ်ကားအား တရားဝင် ခွင့်ပြုချက်ဖြင့် ရိုက်ကူးခြင်းကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ရိုက်ကူးခွင့် ပိတ်ပင်တားမြစ် ထားသည်ဟု သတင်း ရရှိသည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကို Heart & Soul ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးမှ ရိုက်ကူးထုတ်လုပ်နေခြင်း ဖြစ်သည်။
ယင်းကဲ့သို့ ရိုက်ကူးခွင့်ပိတ်ပင်ထား ခြင်းနှင့်ပတ်သက်၍ Heart& Soul ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးမှ မခင်စန္ဒာမြင့်က ''ဒီဇာတ်ကားက ဗီဒီယိုကနေ ရုပ်ရှင်ကားကြီးပြောင်းတာ မဟုတ်ပါဘူး။ ဗီဒီယို အနေနဲ့ ရိုက်ကူးခွင့်တင်ပြီး လွန်ခဲ့တဲ့တစ်နှစ်ကျော်က ရိုက်နေတယ်။ ရိုက်တဲ့ ကင်မရာကလည်း ရုပ်ရှင်ကားကြီး ရိုက်တဲ့သူတွေ သုံးနေကျ ကင်မရာ အကောင်းစားနဲ့ပဲ။ သရုပ်ဆောင်တွေရဲ့ ရိုက်ကူးရက် အခက်အခဲကြောင့် ရိုက်လို့မပြီးခင်မှာဘဲ ခဏနားထားရတယ်။ အဲဒီအချိန်မှာ ရိုက်ပြီးသမျှ ဆက်ကြည့်လိုက်တဲ့ အခါမှာ ဇာတ်ကားရဲ့ အရည်အသွေးပိုင်းကလည်း အရမ်းကောင်းမွန်နေသလို ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေရဲ့ အနုပညာ အရည်အသွေး ပိုင်းကလည်း အရမ်းကောင်းမွန်တာကို တွေ့ရတယ်။ ဒါနဲ့ပဲ ရုပ်ရှင်ကားကြီး အနေနဲ့ ရိုက်ကူးရင် ကောင်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ရုပ်ရှင်လုပ်ငန်းကို ရုပ်ရှင်ရိုက်ကူးခွင့်တင်တယ်။ အဲဒါကမှ ပြန်ကျပြီးတဲ့အခါ ရုပ်ရှင်အစည်းအရုံးကို ရုပ်ရှင်ရိုက်ကူးခွင့် တင်တဲ့အခါမှာလည်း ရိုက်ကူးခွင့် ပြန်ကျပါတယ်။ အဲဒါနဲ့ ရုပ်ရှင်ကားကြီးအဖြစ် ရိုက်တယ်။ ရိုက်ကူးရာမှာ အသစ်ထပ်ရိုက်တဲ့ ဇာတ်ဝင်ခန်းတွေ ရှိသလို ပြန်ပြင်ရိုက်တဲ့ ဇာတ်ဝင်ခန်းတွေလည်း ရှိတယ်။ ရိုက်နေတုန်းမှာပဲ ရုပ်ရှင်အစည်းအရုံးက ရိုက်ကူးခွင့် မပေးဘူးဆိုပြီးတားမြစ်တဲ့စာ ရောက်လာတော့ အစည်းအရုံးကို ကိုယ်တိုင်ပဲ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ ဥက္ကဋ္ဌ ဦးလူမင်းနဲ့ အတွင်းရေးမှူး ဦးဝင်းကြည်တို့နဲ့ တွေ့ဆုံရတယ်။ ဥက္ကဋ္ဌဦးလူမင်းက လုပ်ပိုင်ခွင့်ရှိလို့ လုပ်လိုက်တာလို့ ပြောတယ်။ ရုပ်ရှင်အစည်းအရုံး အနေနဲ့ အခုလိုလုပ်ပိုင် ခွင့်ရှိလား၊ မရှိလား ဆိုတာတော့ သေချာ မသိဘူး။ ရှင်းပြတဲ့အခါမှာ ဇာတ်ကားမှာ ပါဝင်တဲ့သူတွေ အားလုံးက ကန့်ကွက်ဖို့ မရှိပါဘူးဆိုတဲ့ လက်မှတ်နဲ့ စာပြန်တင်ပါလို့တော့ ပြောလိုက်ပါတယ်။ စာလည်းပြန်တင် ထားပြီးပါပြီ'' ဟု ရှင်းပြခဲ့သည်။
ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားများတွင် အသက်အရွယ်အလိုက် အဆင့်သတ်မှတ်နိုင်ရန် ဇူလိုင်လတွင် စတင်ဆွေးနွေးမည်
ဗီဒီယိုဇာတ်ကား တစ်ကား ရိုက်ကူးနေသည်ကို တွေ့မြင်ရစဉ်ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားများတွင် အသက်အရွယ်အလိုက် အဆင့်သတ်မှတ်နိုင်ရန် ဇူလိုင်လတွင် စတင်ဆွေးနွေး သွားမည်ဖြစ်ကြောင်း ဇူလိုင် ၆ ရက်က ပြုလုပ်ခဲ့သည့် ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် မြန်မာ့ရုပ်ရှင် လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းအောင်က ထည့်သွင်းပြောကြားခဲ့သည်။ ယင်းကဲ့သို့ အဆင့်သတ်မှတ်မှုများ ပြုလုပ်နိုင်ရန်အတွက် နိုင်ငံတကာတွင် ထားရှိသည့် အဆင့်သတ်မှတ်မှုများကို စတင်လေ့လာလျက်ရှိပြီး အာဆီယံ နိုင်ငံများတွင် သတ်မှတ်မှုနှင့် နှိုင်းယှဉ်သတ်မှတ်သွားရန် စီစဉ်ထားသည်ဟု သိရသည်။
"ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေကို အသက်အရွယ်အလိုက် အဆင့်သတ်မှတ်ချက်တွေနဲ့ ခွင့်ပြုနိုင်ဖို့အတွက် ဇူလိုင်လအတွင်းမှာ စတင်ဆွေးနွေး သွားမှာပါ။ အဓိကတော့ အမျိုးသား ယဉ်ကျေးမှု၊ ဘာသာရေးနဲ့ တိုင်းရင်းသားအရေးတွေ မထိခိုက်စေဖို့ကို ကြည့်ရှုမှာဖြစ်ပြီး လွတ်လပ်တဲ့ အနုပညာ ဖန်တီးမှုတွေ မြှင့်တင်နိုင်ဖို့အတွက် အသက်အရွယ်အလိုက် အဆင့်သတ်မှတ်နိုင်ဖို့ကို စီစဉ်တာပါ။ ဒီလိုသတ်မှတ်ရာမှာ အာဆီယံနိုင်ငံတွေမှာ ထားရှိတဲ့ သတ်မှတ်ချက်တွေကို လေ့လာနေပါတယ်။ အဲဒီ သတ်မှတ်ချက်တွေနဲ့ နှိုင်းယှဉ်ပြီးတော့ အကောင်းဆုံး ပြင်ဆင်သွားမှာပါ" ဟု မြန်မာ့ရုပ်ရှင်လုပ်ငန်း ညွှန်ကြားရေးမှူး ဦးသိန်းထွန်းအောင်က ရှင်းပြခဲ့သည်။
ဆိုတေး၏ ဇနီးမယားဖြစ်သူဟု ဆိုသူက ၎င်းတို့ပတ်သက်မှုအား မီဒီယာများအား ရှင်းလင်း

မချိုချို (ခ) ခရင်မ်မှ ရှင်းလင်းစဉ်
တေးသံရှင်ဆိုတေး၏ ဇနီးမယား ဖြစ်သူဟု ဆိုသူက ၎င်းတို့ပတ်သက်မှုနှင့် ဆက်စပ်သော ရှင်းလင်းပွဲကို ဇူလိုင် ၂၀ ရက် နံနက် ၁၁ နာရီတွင် မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းတွင် ပြုလုပ်ခဲ့သည်။
ဆိုတေး၏ ဇနီးဖြစ်သူဟုပြောသည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့နေ မချိုချို (ခ) ထိုင်းအမည် ခရင်မ်ခေါ် စီဆူးဒါးထိုင်းမိုင်ဆိုသူမှ မိမိသည် ဆိုတေး၏ ဇနီးမယားဖြစ်ကြောင်း၊ အကယ်၍ ဆိုတေးသတိရလာကာ စကားပြောနိုင်သည့် အခြေအနေရောက်ပြီး ၎င်းအားဇနီးမယား သတ်မှတ်ခြင်း မပြုပါက တေးသံရှင် ဆိုတေးအား ထိုင်းနိုင်ငံ ဥပေဒအရသာမက မြန်မာနိုင်ငံ၏ ဥပဒေအရပါ လိမ်ညာပေါင်းသင်းမှုဖြင့် တရားစွဲဆို သွားမည်ဖြစ်ကြောင်း အဆိုပါ ရှင်းလင်းပွဲတွင် ဆိုသည်။
Subscribe to:
Posts (Atom)





