နောက်ဆုံးတင်ခဲ့သော Post များ

tv

Showing posts with label ဗဟုသုတများ. Show all posts
Showing posts with label ဗဟုသုတများ. Show all posts

Friday, November 1, 2013

မယားကောင်း မယားမြတ်ဆိုတာ (မိန်းကလေးများ အထူးဖတ်ရန်)



 

မယားကောင်း မယားမြတ်ဖြစ်ဖို့ ဒါလေးတွေ ဖတ်ထားပါနော်

၁။ အိပ်ယာနေရာ အစားအသောက်တို့ကို သန့်ရှင်စင်ကြယ်စွာ စားသောက် နေထိုင်လေ့ရှိခြင်း..။
၂။ ယောက်ျားတစ်ပါးသို့ စိတ်နှစ်လုံးမကူးခြင်း..။

၃။ လင် ရှာဖွေရသော ဥစ္စာပစည်းတို့ကို ကောင်းမွန်လုံခြုံစွာ ထိန်းသိမ်းခြင်း..။

၎။ လင်နောက်မှ အိပ်လေ့ရှိခြင်း..။

၅။ လင်၏ အလုပ်အကြံ အစီအမံကို ခံယူ၍ ကူညီရခြင်း..။

၆။ လင့်အာဏာကို မဖီဆန် လင်၏အလိုသို့လိုက်၍ ပြုရခြင်း..။

၇။ လင်အား ချစ်ဖွယ်သောစကားကို ပြောဆိုလေ့ရှိခြင်း..။

၈။ အပူအချမ်းတို့ လျော်စွာ လင်အား ဝတ်ဆင်ပေးရခြင်း..။

(သုတေသနသရုပ်ပြ အဘိဓာန်ကျမ်း)

“လောကနီတိကျမ်း အလိုအရမူ”

၁။ စားသောက်သောအခါတို့၌ လည်းကောင်း အဝတ်တန်ဆာ ပြုပြင် စီရင်သောအခါ၌ လည်းကောင်း အမိကဲ့သို့ နှစ်သက်ဖွယ်ပြုပြင် တတ်ခြင်း..။

အမျိုးသမီးတို့ဘ၀ အတုယူကြ



သမိုင်းအစဉ်အလာ ကောင်းခဲ့သည့် မြန်မာ အမျိုးသမီးများသည် အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ထိန်းသိမ်း မြှင့်တင်ရာတွင် စံနမူနာ ယူဖွယ်ဖြစ်သည့် အမျိုးကို ချစ်ခင်စောင့် ရှောက်ခြင်းသည် အမျိုးသမီးတို့၏ သိက္ခာ၊ အမျိုးသမီးတို့၏ အင်အား၊ အမျိုးသမီးတို့၏ တန်ဖိုး နှင့် ဆက်စပ်ယှက်နွှယ်မှု ရှိသည်။ ပုခက်လွှဲသော လက်များ ကမ္ဘာကို အုပ်စိုးနိုင်သည် ဟူသည့် စကားနှင့်အညီ အမျိုးသမီးတို့၏ မိခင်မေတ္တာ စိတ်ကို အံ့သြဖွယ် ဂုဏ်ပြုရင်း အဖြစ်မှန် ဤဆောင်းပါးကို ရေးသားလိုက်ပါသည်။
အချိန်ကား ၂၀၀၉ ခုနှစ် ဖြစ်သည်။ ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာမြို့ (၉)ရပ်ကွက်ရှိ မြေးမလေး ချစ်သဲ အကြောင်းကို ပြောပြချင်သည်။ ချစ်သဲ အသက်က (၁၆)နှစ် မပြည့်သေး။ ဆယ်တန်းကျောင်းသူ ဖြစ်သည်။ တစ်နေ့ မျက်ရည် စက်လက်ဖြင့် ကျွန်မ၏ တူမဖြစ်သူ ချစ်သဲ၏ အမေ ကျွန်မအိမ်သို့ ရောက်လာသည်။ ကျွန်မက ဘာများဖြစ်လာ ပါလိမ့်လို့ စိုးရိမ် စိတ်နဲ့ တူမဖြစ်သူကို ““ဟဲ့ မိဦးမျက်နှာလည်း မကောင်း ဘာဖြစ်လာတာလဲ”” ဟု မေးရာ တူမ ဖြစ်သူက ငိုသံပါကြီးနှင့် ““ကျွန်မ သမီးလေး ချစ်သဲ ကျောင်းကနေ ပြန်ရောက်မလာလို့  လိုက်ရှာတာပါ၊ သတင်းကြားတာကတော့ ကောင်လေး တစ်ယောက်နဲ့ လိုက်သွားတယ် လို့ကြားမိတယ်။ ခုချိန်ထိ ပြန်မလာသေးဘူး၊ အဲဒါ ဒေါ်ဒေါ့်ဆီကို ရောက်လာရင် ကျွန်မကို လှမ်းအကြောင်း ကြားပေးပါနော်””ပြောပြောဆိုဆို သမီးဇောနဲ့ ထွက်သွားသည့် မိဦးကို ကြည့်ပြီး စိတ်မကောင်း ဖြစ်မိသည်။  အချစ်နှင့် တွေ့လျှင် မိဘ၏ရင်ကို ခြေစုံကန်ထွက်သွား သူ သား၊ သမီးတွေ လက်ညှိုးထိုး ရေတွက်လို့တောင် မရနိုင်ပါဘူး။

မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ

၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်း တစ်ဦးနဲ့ နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ... ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ... ဥပမာ ကိုယ်သွား ရမယ့်အထ ပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ... အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး....


၂။ ။ မိမိတစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူစိမ်းတစ်ဦးဝင်လာပြီး ကိုယ့်ကို တစုံတရာ ဒုက္ခပေးဖို့ ဝင်လာခဲ့မယ်ဆိုရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ မီးဖိုထဲကိုပြေးပါ... ဘာလို့လဲဆိုတော့ ငြုတ်သီးမှုန့် ဘယ်မှာထား တယ်... ဓါးကဘယ်နေရာမှာ ထားတယ်ဆိုတာကို သင်က လူစိမ်းထက်ပိုသိလို့ပါပဲ... ဒီပစ္စည်းတွေ က လူတစ်ယောက်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ဖြစ် တဲ့အတွက် မိမိ ကိုယ်ကို ခုခံနိုင်အောင် အခွင့်အရေးများစွာ ရစေမှာ ဖြစ်လို့ပါပဲ... ဒါမှမဟုတ် အိုးခွက်ပန်းကန်တွေနဲ့ ပစ်ပေါက်ပြီး အော်ဟစ်အကူအညီတောင်းဖို့ အချိန်တစ်ခု ရစေနိုင်ပါတယ်... သင့်ရဲ့အော်ဟစ် အကူအညီတောင်းသံဟာ ခိုးကြောင်ခိုးဝှက်ဝင်လာသူ ဒုစရိုက်သားတွေ အတွက် အကြောက်ဆုံးအရာ တစ်ခုဆိုတာ မမေ့ပါနဲ့...
Read Full Post
http://3.bp.blogspot.com/-uKTLYtfbUyc/VFy8yjPo9LI/AAAAAAAAAiw/dKBrA4wOPQE/s1600/cooltext666275999.gif